top of page
Writer's pictureMyat Noe Khant

Bank ချေးငွေရဖို့ ဘာကြောင့်ခက်ခဲနေတာလဲ။

Updated: Aug 4, 2020


Bankချေးငွေရဖို့ ခက်ခဲနေတဲ့အချက် (၃)ချက်

လုပ်ငန်းတွေမှာ ၁။ လည်ပတ်ဖို့ (working capital) ၂။ လုပ်ငန်းချဲ့ထွင်ဖို့ (Business Expansion) ဆိုတဲ့ရည်ရွယ်ချက်(၂)ခုကြောင့် ငွေကြေး(Funds)တွေလိုအပ်ပါတယ်။

အရင်ခေတ်ကာလတုန်းက ငွေကြေးလိုအပ်တဲ့အခါ လုပ်ငန်းပိုင်ရှင်တော်တော်များက ကိုယ်ပိုင်စုငွေသုံးလို့ မလုံလောက်ရင်၊၊ မိသားစုနဲ့ သူငယ်ချင်းတွေစီကနေ ချေးယူကြရပါတယ်။ Bank တွေမှာ ချေးငွေရယူဖို့က အတော်လေးခက်ခဲခဲ့ပါတယ်။

အခုခေတ်ကာလမှာတော့ Bank တွေမှာ ချေးငွေရယူဖို့က အရင်ကာလနဲ့နှိုင်းယှဉ်ရင် ပိုမိုလွယ်ကူလာပါပြီ။

အတော်အတန်လွယ်ကူနိုင်ပင်မယ့် အချို့သောလုပ်ငန်းပိုင်ရှင်တွေမှာ Bank ချေးငွေရယူဖို့ အခက်အခဲရှိနေပါသေးတယ်။

ကျွန်တော်တို့ ဒီ Article မှာတော့ MX စာဖတ်ပရိတ်သတ်တွေ Bank မှလုပ်ငန်းသုံးချေးငွေရယူနိုင်ဖို့ ခက်ခဲနေတဲ့အချက် (​၃)ချက်ကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

၁။ စာရွက်စာတမ်းမပြည့်စုံခြင်း (Financial Statements)

စာရွက်စာတမ်းတွေ မပြည့်စုံရင် Bank ချေးငွေတွေ ချေးလို့မရပါဘူး။ စာရွက်စာတမ်းတွေ ပြည့်စုံဖို့က Bankအလိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိထားမှ အဆင်ပြေမှာပါ။ ဘယ် Bank ပဲဖြစ်ဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့

-company license

-အနည်းဆုံး လွန်ခဲ့တဲ့ ၂နှစ်ရဲ့ tax receipts

-အနည်းဆုံး လွန်ခဲ့တဲ့ ၂နှစ်ရဲ့ financial statements

( audited လုပ်ထားတဲ့ financial statements တွေက ချေးငွေလျှောက်ရာမှာ ပိုပြီး ကောင်းမွန်ပါတယ်။ )

-လုပ်ငန်းရဲ့ သဘောသဘာဝကို ဖော်ပြတဲ့ ဓာတ်ပုံ

(အနည်းဆုံး ၄ ပုံ)

-monthly bank statements

စတာတွေပဲဖြစ်ပါတယ်။

စာရွက်စာတမ်းတွေပြည့်စုံသွားရင် Bank ချေးငွေရဖို့ တစ်ဆင့်ပိုနီးစပ်သွားမှာဖြစ်ပါတယ်။

2. Business or Future Plan

Business or Future Plan ဆိုတာကတော့ မိတ်ဆွေတို့လုပ်ငန်း ဘယ်လိုမျိုးလည်ပတ်နိုင်သလဲဆိုတာကို ချဆွဲထားတဲ့ Plan ဖြစ်ပါတယ်။ ပုံမှန် Business Plan တစ်ခုမှာ Marketing, Operation, Financials, Management နဲ့ Technical ကဏ္ဍ စတာတွေပါပါမယ်။

Bank ချေးငွေအတွက် လိုအပ်တဲ့Business Planတွေမှာ အခြားသောကဏ္ဍတွေထက်စာရင် Financials နဲ့ Management ပိုင်းကိုအသားပေးရပါမယ်။

Business Plan ကို ခိုင်မာတဲ့အချက်အလက်တွေနဲ့ သေသေချာချာဆွဲနိုင်မှသာ Bank ချေးငွေတွေကို ချေးယူနိုင်မှာပါ။

Business Plan ဆွဲဖို့ကို သေချာလေ့လာပါ၊ Professional တွေရဲ့ အကူအညီကို ရယူပါ။

3. Limited Cash Flow

Bank ချေးငွေထုတ်ပေးသင့်မသင့် ဆုံးဖြတ်တဲ့အခါ လျှောက်ထားတဲ့လုပ်ငန်းရဲ့ ပြန်ဆပ်နိုင်ချေရှိမရှိကို

Cash Flow ကိုကြည့်ပြီးဆုံးဖြတ်ရပါတယ်။

Cash Flow မကောင်းတဲ့လုပ်ငန်းတွေကို ချေးငွေမချပေးတတ်သလို ချပေးတဲ့အခါကြရင်လည်း လျှောက်တဲ့ ပမာဏတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုသာချပေးတတ်ပါတယ်။

Cash Flow က သင် bank ချေးငွေ​ရမရဆုံးဖြတ်ပေးနိုင်လို့ သင့် cash flow ကိုကောင်းမွန်အောင် လုပ်ပါ။

စာရွက်စာတမ်းတွေ ပြည့်စုံအောင်စုရတာက လွယ်ကူနိုင်ပင်မယ့် ချေးငွေအတွက်လိုအပ်တဲ့ Business Plan ဆွဲတာ၊ Cash Flow ကောင်းမွန်အောင်လုပ်တာဟာ Professional အကူအညီမပါရင် ကြာသင့်တာထက် အချိန်ပိုကြာပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေကိုအနှောင့်အယက်ပေးနိုင်လို့ အနည်းငယ်ခက်ခဲနိုင်ပါတယ်။

ဒီအတွက်ကြောင့် Professional အကူအညီကို ရယူတာဟာ မိတ်ဆွေတို့ချစ်ရတဲ့လုပ်ငန်းအတွက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။

အထက်ကဖော်ပြခဲ့တဲ့ အခက်အခဲ (၃) ချက်ကို ကျော်လွှားနိုင်ပြီဆိုရင် မိတ်ဆွေတို့ လုပ်ငန်းအတွက်လိုအပ်တဲ့ Bank ချေးငွေရဖို့ တော်တော်လေးနီးစပ်သွားမှာ ဖြစ်ပါတယ်။ နောက်အပတ်တွေမှာလည်း MX ကနေ လုပ်ငန်းတွေအတွက် အကျိုးရှိမယ့် ဆောင်းပါးတွေကို အပတ်စဉ်တင်ပေးသွားမှာဖြစ်တဲ့အတွက် Matrix Solutions Business Adviosry facebook page ကို Like & Follow လုပ်ထားပြီးစောင့်မျှော်နေပါဦးနော်

======================================================================

မိတ်ဆွေတို့ Bank ချေးငွေတွေအကြောင်း ပိုမိုသိရှိချင်ရင် အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်စုံစမ်းနိုင်ပါပြီ။

-01 8245660

-09 445533288~9


မိတ်ဆွေတို့ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Financial အခက်အခဲတွေကို MX ကဖြေရှင်းပေးဖို့ အမြဲအဆင်သင့်ရှိနေပါတယ်နော်…..

78 views0 comments

Comments


bottom of page